Location map
ဝါဆိုဦး မင်္ဂလာ ပါရမီဖြည့် သွေးလှူဒါန်းပွဲ

မမြင်ရပါက ပုံကို ကလစ် ခေါက်ကြည့်ပေးပါ
Posted by paramegroup on 03. July 2011
ကာလဒါန ၀ါဆိုသင်္ကန်းစုပေါင်း ဆက်ကပ် လှူဒါန်းပွဲ


မမြင်ရပါက ပုံကို ကလစ် ခေါက်ကြည့်ပေးပါ
Posted by paramegroup on 03. July 2011
SCHOOL HOLIDAY မှာ ဘာသာရေး နှင့် မြန်မာစာသင်တန်းအစီအစဉ်

မမြင်ရပါက ပုံကို ကလစ် ခေါက်ကြည့်ပေးပါ
Posted by paramegroup on 19. May 2011

Posted by paramegroup on 16. May 2011
၂၀၁၁ သင်္ကြန်မှတ်တမ်း ဓာတ်ပုံ
Posted by paramegroup on 22. April 2011
လှူခွင့်ကြုံခိုက် လှူဒါန်းထိုက်
နှလုံးသားမှာ “ဓမ္မ” တည်ကြပါစို့ . . .

သင်…. မိသားစုစိတ်ဖြင့် မျှဝေခံစားလျက် ထောက်ပံ့လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူပါ။
နိုင်ငံအသီးသီးရှိ မြန်မာပြည်ဖွား ညီအကိုမောင်နှမများ ခင်ဗျား . . .

မြန်မာပြည် အရှေ့ပိုင်း တာချီလိတ်နယ်တွင် ငလျှင်ဘေးဒဏ် ခံစားနေရသော မိသားစုဖွား တိုင်းရင်းသား ညီအကိုမောင်နှမ များမှာ အမှန်တကယ် အကူညီလိုအပ် နေကြပါသည်။ သို့ပါ၍ ကိုယ်ချင်းစာနာပြီး စေတနာ သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းလိုသော ပုဂ္ဂိုလ်များ လွယ်လင့်တကူ အတူလက်တွဲ လှူဒါန်းနိုင်ရန် မိသားစုတမျှ ခင်မင်လေးစားစွာ အသိပေးနိုးဆော် ဖိတ်မန္တက ပြုအပ်ပါသည်။

အကယ်၍များ သင်နှင့်ကျွန်ုပ်တို့ အဲဒီနေရာတွင် ရှိခဲ့သော် . . . မည်သို့ခံစားနေရမည်နည်း?
မိသားစုဖွား တိုင်းရင်းသားများ သောကအမြန်ကင်းလွှတ် ငြိမ်းပါစေ...


ဆက်သွယ်လှူဒါန်းနိုင်ရန် ဌာန

“ ဗြဟ္မစိုရ်နှလုံးသား ” ပါရမီဖြည့် ကုသိုလ်ပြုအဖွဲ့

ဝရဓာတုရတနာရာမအသင်းတော် (ဓာတ်တော်တိုက်)

NO.59 LOR 4 GEYLANG, SINGAPORE (399297)
BUS NO. 7 ,12,32,33, 197
(2.BUS STOPS FROM KALLANG MRT)
PH: 68414540,67487352,86114840


မှတ်ချက်။ ပို့ဆောင်လှူဒါန်းနေပြီဖြစ်ပါ၍ အမြန်ဆုံးဆက်သွယ် လှူဒါန်းနိုင်ပါသည်။
Posted by koyingyi on 29. March 2011
ကဗျာစာမူများ ဖိတ်ခေါ်ခြင်း
ဝါသနာရှင် ကဗျာစာဆိုရှင်များ၏ ကိုယ်ပိုင် သဘာဝ ခံစားမှု မိဘကျေးဇူး ဖော်ကျူးသည့် ကဗျာများအား (ဘ၀တူ သားသမီးများ မျှဝေ ခံစားကြရပြီး အမြင်မှန်များ ပြန်လည်ရရှိလျှက် အချိန်မှီ ကျေးဇူးဆပ်နိုင်ကြစေရန်) ပေးပို့ ချီးမြှင့်ကြပါရန် လေးစား ဂုဏ်ယူစွာ ဖိတ်ကြားအပ်ပါသည်။

စည်းကမ်းချက်များ
• အဖေများ၏ ခံစားမှုနှင့်မေတ္တာ
• အမေများ၏ ခံစားမှုနှင့်မေတ္တာ
• မိဘများ၏ ခံစားမှု နှင့် မေတ္တာ
• ကဗျာများအား အများဆုံး A4 တစ်မျက်နှာ အထိသာ
• မတ်လ (၂၇) ရက်နေ့ နောက်ဆုံးထား ပေးပို့ချီးမြှင့်ကြရန်
• ကဗျာပုဒ်ရေ အကန့် အသတ်မရှိ ပေးပို့ ချီးမြှင့် နိုင်ပါသည်
• ကိုယ်ပိုင် အရေးအသား ဖြစ်ကြောင်းနှင့် စာဆိုရှင်၏ အမည် နှင့် ဖုန်း
• ရွေးချယ် ခံရသော ကဗျာများကို အများပြည်သူ မျှဝေ ခံစားနိုင်စေရန် ပြသထားမည်ဖြစ်ပြီး အကောင်းဆုံးရွေးချယ် ခံရသော ကဗျာစာဆိုရှင်များအား ဂုဏ်ပြုဆုကို ဧပြီ (၁၇) ရက် နေ့ (တနင်္ဂနွေ) သင်္ကြန်မင်္ဂလာ ပွဲတွင် ဆု ချီးမြှင့် မည်ဖြစ်ပါသည်။

ကဗျာစာမူများ ပေးပို့ရမည့် လိပ်စာ
ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့ (ဝရဓာတု ရတနာရာမ အသင်းတော်)
No.59, Lor 4 Geylang, Singapore 399297
67487352, 68414540
Paramegrp.2009@gmail.com

Posted by koyingyi on 27. February 2011
တစ်နှစ်တစ်ခါ ပေါ်လို့လာ တူပျော်ဆင်နွဲ သင်္ကြန်ပွဲ
တိုင်းကျိုးပြည်ပြု မြန်မာ့ရိုးရာ သင်္ကြန်သံချပ် ပြိုင်ပွဲအတွက် သင်္ကြန်စာဆို ပညာရှင်များ၏ တိုင်းကျိုးပြည်ပြု မြန်မာ့ရိုးရာ သင်္ကြန်သံချပ်များကို ဖိတ်ခေါ်ခြင်း

သင်သည်...
လူမျိုးအကျိုး၊
တိုင်းပြည်အကျိုး
သာသနာ့အကျိုး
ကို တဒေါင့်တနေရာကနေ တာဝန်ကျေစွာ ပြုလုပ်ပြီး သမိုင်းမှတ်ကျောက်တင်လို ပါသလား။ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်စု ဖွဲ့စည်း၍ ပျော်ရွှင်မြူးတူးစွာ မြန်မာ့ရိုးရာသင်္ကြန်အခါမှာ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာအတွက် စေတနာမှန် မေတ္တာသံဖြင့် တိုင်းကျိုးပြည်ပြု မြန်မာ့ရိုးရာသံချပ်များ စပ်ဆိုဖော်ကျူး၍ ဝင်ရောက်ယှဉ်ပြိုင်ကာ ဂုဏ်ယူဝံ့ကြွားပျော်ရွှင်မြူးတူးစွာ ဘဝတစ်ခေတ်မှာ သမိုင်းမှတ်ကျောက် တင်နိုင်ရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

သံချပ်စာသားများကို မတ်လ (၂၇) ရက်နေ့နောက်ဆုံး ထားပြီးပေးပို့ကြပါရန် နှင့် သံချပ်မောင်မယ် စာရင်းကိုပူးတွဲပေးပို့ ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အသေးစိပ်ကို သင်္ကြန်ပွဲဖြစ်မြောက်ရေး ကော်မတီသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဖုန်း-၆၇၄၈၇၃၅၂-၉၈၄၈၅၆၆၀
Posted by koyingyi on 20. February 2011
မဟာဘုံ ကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ

မမြင်ရပါက ပုံကို ကလစ် ခေါက်ကြည့်ပေးပါ

Posted by koyingyi on 03. November 2010
Vesak Day
Posted by Phothutaw on 26. May 2010
လှူခွင့်ကြုံခိုက် သက်ရှည်ကျန်းမာဖို့ လှူဒါန်းကြပါစို့
ဝရဓာတု ရတနာရာမ အသင်းတော်(ဓာတ်တော်တိုက်) ပါရမီဖြည့် ကုသိုလ်ပြု အဖွဲ့ မှ မြန်မာနိုင်ငံအတွင်း မိုးခေါင် ရေရှား ဒေသများသို့ သောက်သုံးရေများ လှူဒါန်းနေသည်ဖြစ်ပါ သောကြောင့် စေတနာ သဒ္ဓ်ါတရား ထက်သန်သူများ မည်သူမဆို ပါရမီဖြည့် ပါဝင်လှူဒါန်းနိုင်ရန် နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

လှူဒါန်းနိုင်သည့် ဌာန

Singapore
၁) ၀ရဓာတု ရတနာရာမ အသင်းတော် (ဓာတ်တော်တိုက်)
ပါရမီဖြည့် ကုသိုလ်ပြု အဖွဲ့

No. 59, Geylang Lor 4, S(399297)
Phone: 67487352 / 68414540

မြန်မာပြည်တွင်း ရေဖြန့်ဝေ လှူဒါန်းရာ ပါရမီဖြည့် ကုသိုလ်ပြုအဖွဲ့များ

၁) ရန်ကုန်တိုင်း ဒေသများအတွက် မေတ္တာအေးကျောင်း၊ သင်္ဃန်းကျွန်း၊ ရန်ကုန်။ ဖုန်း 01-562241
၂) တွံတေး ဒေသများအတွက် ကျောင်းသစ်ပရိယတ္တိ စာသင်တိဲုက်၊ တွံတေးမြို့။ ဖုန်း 045-50400
၃) ပဲခူးတိုင်း ဒေသများအတွက် သာမဏေကျော် စာသင်တိုက်၊ ပဲခူးမြို့။ ဖုန်း 095301665


Read More
Posted by koyingyi on 13. May 2010
အမေများ နေ့တွင် ကဗျာဆုပေးပွဲ ကျင်းပပြီးစီး
ဝရဓာတု ရတနာရာမအသင်းတော် ပါရမီဖြည့်ကုသလိုလ်ပြုအဖွဲ့၏ ၂၀၁၀ မြန်မာရိုးရာနှစ်ဦးအကြို မိဘဘိုးဘွား သက်ကြီးရွယ်အိုများအား ပူဇော်ပွဲမင်္ဂလာ၌ မိဘမေတ္တာနှင့် ကျေးဇူးတရားများကို အများပြည်သူ ထပ်တူခံစားနိုင်လျှက် သတိသက်ဝင် ဆင်ခြင်အောင်မေ့ကာ ပြင်ဆင်လို့ ကျေးဇူးဆပ်နိုင်ပါစေရန် ရည်ရွယ်ချက်ဖြင့် မိဘကျေးဇူး ဖော်ကျုးသံသာ တေးကဗျာ ပြိုင်ပွဲကို ဆင်ယင်ကျင်းပခဲ့ရာမှာ ဆုရသောကဗျာများကို ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

ပထမဆု- ကဗျာစာဆိုရှင် ပွင့်မြူးဇင်၏ “ သားလေးဖတ်ဖို့ ” တေးကဗျာ
ဒုတိယဆု- ကဗျာစာဆိုရှင် အယ်အောင်မျိုး၏ “တုနှိုင်း မနိုင်သာ မိဘမေတ္တာ” တေးကဗျာ
တတိယဆု- ကဗျာစာဆိုရှင် စေစားသူ၏ “ အမှာပါးလိုသည့် စကားတစ်ခွန်း” တေးကဗျာ
မေတ္တာဆု ၁- ကဗျာစာဆိုရှင် ဧဝံ မေ သုတံ၏ “ သားတစ်ယောက်ရဲ့ အမေ့တေး” တေးကဗျာ
မေတ္တာဆု ၂- ကဗျာစာဆိုရှင် အိမ့်ဖူးစံ၏ “ ခွင့်လွှတ်ပေးပါ…အဖေရယ်” တေးကဗျာ

ပထမဆု ကဗျာဖတ်ရန်
ဒုတိယဆု ကဗျာဖတ်ရန်
Posted by koyingyi on 10. May 2010
Latest upload photos





လှူဒါန်းနိုင်သော အလှူများ
ဓာတ်တော် တိုက်ကြီး အရှည် တည်တံ့ ရန် ကျောင်းတော် အတွက်

၁။ လစဉ် ကျောင်းတော် အလှူ
၂။ လျှပ်စစ်မီး အလှူ
၃။ ရေ အလှူ
၎။ ဘုရားပန်း အလှူ
၅။ ဓါတ်တော် ကိန်းဝပ်စံပယ်ရန် စေတီအလှူ
၆။ ဘုရား အမှူးရှိသော သံဃာတော် အတွက် အာရုံဆွမ်း/ နေ့ဆွမ်း နှင့် ဖျော်ရည် အလှူ
၇။ ဆွမ်းဆန်တော် အလှူ/ ဆီအလှူ
၈။ သင်္ကန်းအလှူ
၉။ ဆေးအလှူ
၁၀။ ပညာဒါန အလှူ
၁၁။ ဝေယျာဝစ္စ န၀ကမ္မ အလှူ
၁၂။ ကျောင်းတော် နေရာသစ် အတွက် အထူးကျောင်းတော် အလှူ

အချိန်ကာလ အလျှောက် ပါရမီဖြည့် လှူဒါန်းနိုင်သည့် အလှူထူးများ

၁။ သက်ကြီးပူ ဇော်ပွဲ အလှူ (မြန်မာ့ရိုးရာ သင်္ကြန် အချိန်)
၂။ မဟာဒုက် ကံစမ်းမဲ အလှူ (ကဆုန်လပြည့် ဗုဒ္ဓနေ့)
၃။ ၀ါဆိုသင်္ကန်း အလှူ (၀ါဆိုကာလ)
၎။ ကထိန်သင်္ကန်း အလှူ (ကထိန်ကာလ)
၅။ ဒုလ္လဘ ရှင်ပြု နှင့် ရဟန်းခံပွဲ အလှူ (တရုတ်နှစ်သစ်ကူး)