About Us

VARADHĀTUS RATANĀRĀMA ASSOCIATION 

၀ရဓာတုရတနာရာမ ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့ လုပ်ဆောင်ချက်များ

 

 

စင်္ကာပူနိုင်ငံ

ပညာရေး       BMCA ပညာရေးများ

ဗုဒ္ဓ ဓမ္မ ဒေသနာ သင်တန်းများ

 

လူမှုရေး         Pre, Sec, Jc အကျိုးပြု ပညာရေးအလှူများ

Speaking သင်တန်းများ

Engineering သင်တန်းများ

လက်မှုအတတ်ပညာ သင်တန်းများ

 

မြန်မာနိုင်ငံ

ရေကြည်စမ်းပညာဒါန ကျူရှင်များ

ရေကြည်စမ်းပညာဒါန ကျောင်းများ

ရေကြည်စမ်း စာကြည့်တိုက်များ

 

ဗြဟ္မစိုရ်နှလုံးသား လူမှုဒါန ပါရမီဖြည့် ကုသိုလ်ပြုအဖွဲ့

စင်္ကာပူနိုင်ငံ              စင်္ကာပူရှိ လူသားအားလုံးအတွက် ဒါနဥပပါရမီ သွေးလှူဒါန်းပွဲ

Home များသို့ လစဉ် ဆန်လှူဒါန်းခြင်း

အိမ်ရှင်နှင့် အိမ်အကူများကြား ဖြစ်ပေါ်သော ကိစ္စများအား အဆင်ပြေအောင် ကူညီဆောင့်ရှောက်ခြင်း။

အလုပ်ရှင်နှင့် မြန်မာဝန်ထမ်းများကြား ဖြစ်ပေါ်သော ကိစ္စများအား အဆင်ပြေအောင် ကူညီဆောင့်ရှောက်ခြင်း။

မြန်မာကရုဏာအသင်း ဖွဲ့စည်း၍ နာရေးသောကကို ကူညီဆောင်ရွက်ခြင်း။

 

မြန်မာနိုင်ငံ

သဘာဝ ဘေးဒါဏ်သင့် (မီးဘေး , ရေဘေး, လေဘေး, ငလျင်ဘေး) ပြည်သူများအတွက် ကူညီခြင်း။

ရောဂါဘေး ပြည်သူများအတွက် ကူညီခြင်း။

ရေရှားပါးဘေး ပြည်သူများအတွက် ကူညီခြင်း။

ပြည်ပျက်ဘေး ပြည်သူများအတွက် ကူညီခြင်း။

ဘာသာဝင်များ၏ လူမှုပြဿနာများအား ကူညီဆောင့်ရှောက်ခြင်း။

ပြည်သူများအတွက် အသက်စွန့်သွားသော ပြည်သူ့ဝန်ထမ်းများအား ဗြဟ္မစိုရ်နှလုံးသားဆု ထောက်ပံ့ပေးအပ်ခြင်း။

ရပ်ရွာများတွင် ရေကြည်စမ်း ပညာဒါနနှင့်အတူ ဗြဟ္မစိုရ်နှလုံးသား ကုသိုလ်ဖြစ်ဆေးခန်းများ ဖွင့်လှစ်ပေးခြင်း။

ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့နှင့် အတူပါဝင် ကုသိုလ်ဖြည့်ဆည်းသော မိသားစုဝင် အဖွဲ့အစည်းများ

 

ကုသလနဒီပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့

ဒါနဿဟာယ ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့

ပုညဿဟာယ ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့

ရွှေအင်းလေး ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့

ပအိုဝ့်မိသားစု ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့

သုမိတ္တာ ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့

အမရာစံ ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့

အဖြူရောင်လက်များ ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့

 

===============================================================================

၁။ ဩဝါဒ စရိယ ဆရာတော်များ

ဗုဒ္ဓအလိုတော်ကျ လူသားတို့၏ အကျိုးစီးပွားအတွက် အမျှော်အမြင်ကြီးမားသော မိမိတို့၏ နယ်မြေနှင့် အနီး ပတ်ဝန်းကျင်ရှိ အသက် သိက္ခာကြီးမားသော ဆရာ ဘုန်းတော်ကြီးများကို ဩဝါဒ စရိယ ဆရာတော်များအဖြစ် ဦးထိပ်ထား ဖွဲ့စည်းရန်။

 

၂။ နာယက ဆရာတော်များ

၁။    ဥက္ကဋ္ဌ       ။      ။      ဝရဓာတုရတနာရာမ ဓာတ်တော်တိုက် ဆရာတော် ဧင်္သကညိနမ}

၂။    ဒုတိယဥက္ကဋ္ဌ     ။      ။      ဖွင့်လှစ်သော ကျောင်းဆရာတော်

၃။    အတွင်းရေးမှူး   ။      ။      အများအကျိုးကို တကယ်ဆောင်ရွက်သော သံဃာအား ထည့်ရန်

(ဖွင့်လှစ်သော ကျောင်းဆရာတော်၏ တပည့်)

၎။    ဒုတိယအတွင်းရေးမှူး ။      ။      အများအကျိုးကို တကယ်ဆောင်ရွက်သော သံဃာအား ထည့်ရန်

(ဒု ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဆင်ပြေသော အနီးကျောင်း)

၅။    အဖွဲ့ဝင်     ။      ။

၆။    အဖွဲ့ဝင်     ။      ။

၇။    အဖွဲ့ဝင်    ။      ။

 

၃။    ပညာဒါန ကုသိုလ်ပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရေကြည်စမ်း ပညာဒါန ကော်မတီ ဖွဲ့စည်းရန်။

အများအကျိုးကိုဆောင်ရွက်ပြီး သမာသမတ်ရှိသောသူများကို အများဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ရန်။

ဒေသကြီးအတွက် ဥက္ကဋ္ဌကို တစ်ဦးတည်းထားရှိပြီး အနီးဒေသရှိ အသင်းတိုင်းတွင် ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ကျောင်းသားရေးရာ စသည်ဖြင့် အဆင့်ဆင့် ရွေးချယ်ရန်။

အဖွဲ့လူကြီးများကို (၂) နှစ် တစ်ကြီမ် ရွေးကောက်တင်မြှောက်ရန်။

 

၎။    ပညာရေး

အင်းလေးဒေသအတွက် ရေကြည်စမ်း ပါရမီဖြည့် ကုသိုလ်ပြုအဖွဲ့ ဆရာ၊ ဆရာမများကို စေတနာ၊ မေတ္တာ ရှိကြ သော ရေသာ၊ ကြေးစား၊ အောင်ပင်လယ် ဆရာ ဆရာမ များနှင့် အခြားပါဝင် ပါရမီဖြည့် လိုသူ ဆရာ ဆရာမများဖြင့် ဖွဲ့စည်းရန်။

(က) အကြံပေးအဖွဲ့

(ခ)   ပညာရေးမှူးနှင့် ဆရာ၊ ဆရာမ များ

(ဂ)   စာမေးပွဲ သြမေိ အဖွဲ့နှင့် စည်းကမ်းထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ – စသည်ဖြင့် လိုအပ်သမျှ အဆင့်ဆင့် ဖွဲ့စည်းပြီး ဆောင်ရွက်ကြရန် (တစ်ဦးမေတ္တာ၊ တစ်ဦးစေတနာ ဆိုသလို) အခမဲ့ ပညာဒါန ဆရာ၊ ဆရာမ များအတွက်-

ရေကြည်စမ်း ပါရမီဖြည့် ကုသိုလ်ပြုအဖွဲ့ (ရွှေအင်းလေးပါရမီဖြည့် ကုသိုလ်ပြုအဖွဲ့)နှင့် ကျောင်းသား မိဘများမှ…

(က) နှစ်ပတ်လည် ဂုဏ်ပြုပူဇော်ပွဲကို ထိထိရောက်ရောက် စုပေါင်း၍ စေတနာပါပါ ဆောင်ရွက်ကြရန်၊

(ခ)   အသင်းတိုင်း၏ ဆရာ/ဆရာမများအား မိမိတို့ အသင်းအလျှောက် ကျောင်းသားမိဘများနှင့် သီးသန့် အလျူရှင်များ စုပေါင်း၍ အာစရိယ ပူဇော်ပွဲကို ပြုလုပ်ကြရန်၊

(အာစရိယပူဇော်ပွဲတိုင်းတွင် ဩဝါဒ စရိယ ဆရာတော်နှင့် နာယက ဆရာတော်များကို ဦးထိပ်ထား ပင့်ဆောင်၍ ပူဇော်စီစဉ်ကြရန်၊)

(ဂ)   အခမဲ့ ပညာဒါန ဆရာ၊ ဆရာမ အငယ်များ၏ ဘဝတိုးတက်ရေး အတွက် နှစ်ကုန်ကျောင်းပိတ် ရက်များတွင် သင့်တော်သော သင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ပေးရန်၊

(ဃ) ဆရာ၊ ဆရာမ ကြီးများအတွက် မိမိတို့ သားသမီးများထဲမှ မိသားစုအကျိုး အများအကျိုး ကြိုးစား လုပ်ကိုင်သော သား သမီး တစ်ဦးဦးအား ဘဝတိုးတက်နိုင်ရန် လိုအပ်သော သင်တန်းများ အတွက် ပံ့ပိုးထောက်ပံ့ပေးရန်၊

(င)   အကယ်၍ ဆရာ၊ ဆရာမများ၏ ကျန်းမာရေး စသည်ဖြစ်ပေါ်လာသောအခါ နာယက ဆရာတော်များ၏ လမ်းညွှန်မှုကိုယူ၍ ကော်မတီနှင့် ကျောင်းသားမိဘများက သွားရောက်၍ စေတနာ မေတ္တာဖြင့်စောင့်ရှောက်အားပေး ထောက်ပံ့ ကူညီကြရန်၊

 

၅။    ကျောင်းသားရေးရာ…

ပညာရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျောင်းသူ၊ကျောင်းသား အရေအတွက် သတ်မှတ်ကြရန်၊

 

ရေကြည်စမ်း ပညာဒါန ကျောင်းတွင် ကျောင်းသား လက်ခံရာ၌ …

ပညာရေး လိုးလားကြိုးစားသူ ဖြစ်ပြီး စည်းမက်းကို ရိုသေစွာ လိုက်နာသူဖြစ်ရမည်။

 

ပထမ ဦးစားပေးလက်ခံရန်…

(က) မိဘနှစ်ပါးလုံးမရှိသူ (သို့မဟုတ်)

(ခ)   မိစုံ၊ ဖစုံ မရှိသူ

ဒုတိယ ဦးစားပေးလက်ခံရန်…

(ဂ)   မိဘများရှိသော်လည်း စီးပွားရေးအခြေအနေအရ ပညာရေးအတွက် အားပေး နိုင်စွမ်း အမှန်တကယ် မရှိ အဆင်မပြေ အခက်အခဲရှိသော ပညာကို လိုလား ကြိုးစားလိုသည့် ကျောင်းသူ ကျောင်းသားများ။

(ဃ) စီးပွားရေး အဆင်ပြေပါသော်လည်း လမ်းပန်းဆက်သွယ်ရေးကြောင့် ပညာရေးအတွက် ခက်ခဲသော မိသားစုများက မိမိသားသမီးများကို လာရောက် အပ်နှံထားလိုပါလျှင် မိဘများက ပါရမီဖြည့်သောအားဖြင့် အသင်းအား သက်မှတ်ထားသည့် အတိုင်း ပညာဒါနအဖြစ် အလှူငွေ ထည့်ဝင်လှူဒါန်း ပါရမီဖြည့်ရမည်။

 

ကျောင်းသား ဟောင်းများ လက်ခံခြင်း

ကျောင်းသားဟောင်းများကို လက်ခံရာ၌ ဤပညာဒါန အသင်းတွင် နေထိုင်ခဲ့စဉ်က ပညာလိုလားမှု ကြိုးစားမှု စည်းကမ်းလိုက်နာမှု ရိုင်းယင်းကူညီမှု (အကျင့်စာရိတ္တ မဏ္ဍိုင်) အခြေအနေကို သုံးသပ်၍

(င)   ရေကြည်စမ်းမှ တစ်နှစ်ကျ ကျောင်းသား ကျောင်းသူများကို စည်းကမ်းသတ်မှတ်ချက်ဖြင့် လက်ခံမည်။

(စ)   ရေကြည်စမ်းမှ နှစ်နှစ်ကျ ကျောင်းသား ကျောင်းသူများသည် ဘဝတိုးတက်ရေးအတွက် အမှန်တကယ် စာမေးပွဲကို ဆက်လက် ဝင်ရောက်လိုပါက သင်ကြားပြီးသော ဘာသာရပ်များဖြစ်သဖြင့် မိမိတို့ အိမ်တွင်သာ မိဘ၏ လုပ်ငန်းများကို ဝိုင်းဝန်းကူညီခြင်း (သို့မဟုတ်) အလုပ်တစ်ခုခု ဝင်ရောက်လုပ်ကိုင်လျှက် ဆိုင်ရာ ဘာသာရပ်စာပေများကို ပြန်လည်၍ အချိန်မှန်မှန် ကြိုးစား လေ့ကျင့်ထားခြင်းနှင့် အသင်းက လိုအပ်သလို အရည်အချင်းစစ် စာမေးပွဲများ ကျင်းပ ပေးရာတွင် ဝင်ရောက်ဖြေဆိုခြင်း ပြုလုပ်ရမည်။

(မိမိ၏ စာလုပ်ချိန် အချိန်ဇယားအား တာဝန်ခံ ဆရာ၊ ဆရာမ ထံ ပေးအပ်ထားရန်)

မိမိ မရှင်းလင်းသော ဘာသာရပ်များကို အချိန်မရွေး လာရောက် မေးမြန်းခြင်း (သို့မဟုတ်) အလုပ်ပြီးချိန်တွင် အတန်းမှန် အချိန်မှန် လာရောက်သင်ကြားနိုင်အောင် ကြိုးစားရမည်။

အတန်းတင် စာမေးပွဲ်သမာ မတင်သွင်းခင် တပတ်အလို အတန်းတင် ဝင်ခွင့်အကြို အထူး အရည်အချင်းစစ် စာမေးပွဲ ဝင်ရောက်ဖြေဆို အောင်မြင်သူကိုသာ ရေကြည်စမ်း ပညာဒါန ကျောင်းမှ စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ပြုမည် ဖြစ်ပြီး စာမေးပွဲ အနီးကပ် (၃) လသင်တန်းကို ရေကြည်စမ်း ပညာဒါန ကျောင်းတွင် နေထိုင်လျက် သင်ကြားခွင့် ပြုမည်။

ရေကြည်စမ်း ပညာဒါန ကျောင်းရှိ ကျောင်းသူ ကျောင်းသားများသည် –

  • အနန္တော အနန္တ ငါးပါး၏ ကျေးဇူးကို သိ ဆပ် တတ်ပြီး
  • ဆရာတော်များနှင့် ဆရာ ဆရာမ များ လူကြီး မိဘများအပေါ် ချစ်ခင် မြတ်နိုး ရိုသေလေးစားသော ကိုယ်နှုတ်                စိတ်တို့ဖြင့် ပြုမှု ပြောဆို ဆက်ဆံကြရမည်။
  • မိမိဘဝအတွက် ယုံကြည်ချက်ထားပြီး အချင်းချင်း ကိုယ်ချင်း စာနာစိတ်ဖြင့် ရိုင်းပင်းကူညီလျက် ရိုးသားစွာ                    နေထိုင် ကြိုးစားကြရမည်။
  • ကျောင်းမှ ထုတ်ထားသော စည်းကမ်းများကို မိမိ ဘဝ တိုးတက်ရေးအတွက် လေးစားစွာ ကြိုးစား လိုက်နာ               ကြရမည်။

 

 

ရေကြည်စမ်းပညာဒါနအသင်း ပါရမီဖြည့်ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်

ပြည်တွင်း ကဏ္ဍ ပါရမီဖြည့် အစီအစဉ်

 

(က) ကျောင်းနေအရွယ် ပညာသင်ကြားနိုင်ရေး၊

(ခ)   စာမလိုက်နိုင်သော ကလေးများအား အခမဲ့ ကျူရှင်သင်တန်း ဖွင့်လှစ်၍ အားဖြည့်ပေးရေး။

(ဂ)   စာတော်သော်လည်း ဆုံးခန်းတိုင်အောင် ပညာမသင်ကြားနိုင် သူများအား ပညာသင်ကြားနိုင်ရေး၊

(ဃ) နိုင်ငံခြားပညာ သင်ကြားထိုက်သူများ တိုင်းပြည် လူမျိုးနှင့် မိသားစု ဆွေမျိုးများအား ပြန်လည်အကျိုးပြု ကြိုးစားလိုသည့် ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိက အကြံÓဏ်နှင့် တတ်စွမ်းသမျှ အားပေးကူညီနိုင်ရေး၊

(င)   တိုင်းပြည် လူမျိုး ဘာသာ သာသနာနှင့် မိဘ ဆွေမျိုးများအား ပြန်လည် အကျိုးပြုလိုသည့် ရိုးသားဖြူစင်ပြီး ဗုဒ္ဓမြတ်စွာအပေါ်၌ လေးစားမြတ်နိုးယုံကြည်သော သံဃာတော်များ (သီရိလင်္ကာç အိန္ဒိယç နိုင်ငံခြားပညာသင်ကြားနိုင်ရန်အတွက် ပါရမီဖြည့်ဆည်းပေးနိုင်ရေး။

(အမှတ်စဉ်(ခ)ကို စတင် အကောင်အထည်ဖော်ပြီးမှ ကျန်အစီအစဉ်များကို အကောင်အထည်ဖော်ရန်)

(အမှတ်စဉ်(က)ကို နေရာဒေသ အချိန်အခါကို ကြည့်၍ အသင့်တော်ဆုံး ဖြစ်အောင် စီစစ် စီမံရန်)

အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း။

ပြည်တွင်းနယ်မြေတစ်ခုလျှင် နယ်မြေအကျဉ်းအကျယ်ပေါ် မူတည်၍ တစ်ကျောင်း(သို့မဟုတ်) နှစ်ကျောင်းဖွင့်လှစ်ရန် ဗုဒ္ဓအလိုတော်ကျ လူသားတို့၏ အကျိုးစီးပွားအတွက် အမျော်အမြင်ကြီးမားသော ဆရာဘုန်းတော်ကြီးများကို ဦးထိပ်ထားလျက် လေးစားစွာ ဦးဆောင်ဖွဲ့စည်းပြီး စေတနာ သဒ္ဓါတရားထက်သန်သော ရပ်မိရပ်ဖများကို ဦးစီး မတည်စေ၍ (ပြည်တွင်း ပြည်ပ) စေတနာရှင်များ ထည့်ဝင် လှူဒါန်းဆောင်ရွက်နိုင်စေရန် ဖွဲ့စည်းကြမည်။

 

ပညာဒါန ပါရမီဖြည့် ကုသိုလ်ပြုလုပ်ရာ၌ နေရာဌာနအဖြစ် ဘုန်းတော်ကြီးကျောင်းများကို ရွေးချယ်ကြရန်

 

 

– – ရွေးချယ်ရခြင်း ရည်ရွယ်ချက်

၁။    ပြည်သူလူထု၏ နှလုံးသားဝယ် ရဟန်းသံဃာတော်များသည် အားထားယုံကြည်ရာ ဖြစ်စေလိုခြင်း။

၂။    ဗုဒ္ဓသာသနာ့ဝန်ထမ်းများသည် ပြည်သူများ၏ ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုးကို တကယ်ပင် ဆောင်ရွက်နေသည်ကို လက်တွေ့မြင်တွေ့ ခံစားစေလိုခြင်း။

၃။    ဗုဒ္ဓအဆုံးအမများကို ပြည်သူ့ရင်တွင်းသို့ ရင်းနှီးခင်မင်စွာ ကိန်းဝပ်ကျင့်သုံးစေလိုခြင်း။

၎။    ဗုဒ္ဓသာသနာ့ အဝန်းအဝိုင်းသည် ဘဝတိုးတက်အောင်မြင် အေးငြိမ်းချမ်းသာမှုကို ပေးစွမ်းနိုင်သော နေရာမြတ်တစ်ခုဖြစ်သည်ကို လက်ခံယုံကြည်အားထားရာ ဖြစ်စေလိုခြင်း။

၅။    ဗုဒ္ဓအလိုတော်ကျ အပိုမကုန် လိုရာကိုသာ ပါရမီဖြည့် ကုသိုလ် ပိုမိုလုပ်ဆောင်စေနိုင်ရန်တို့အတွက် ရည်ရွယ်ရခြင်း ဖြစ်ပါသည်။

 

သင်ကြားရေးလမ်းညွှန်

 

ပညာဒါန၊ Óဏအလှူ စေတနာဖြူသည့်၊

အငြိမ်းစား ဆရာ/ဆရာမများနှင့်

ဘွဲ့ရ ကျောင်းသား/ကျောင်းသူများကိုသာ

အဓိက ရွေးချယ်ကြရန်။

 

– – ရွေးချယ်ရခြင်း ရည်ရွယ်ချက်။

စေတနာ မေတ္တာတရားများကို ရှေ့ထားလျက် ဝါသနာကို အရင်းခံကာ မိမိတို့တတ်သိနားလည် ထားသော ဘာသာရပ်များကို လက်တွေ့ကျင့်သုံးဖြန့်ဝေကာ ပညာပါရမီဖြည့် ကုသိုလ်ယူတတ်ကြစေရန် အဓိကရည်ရွယ်ထားရခြင်းဖြစ်သည်။

၁။    မြန်မာနိုင်ငံတော်သည် ဗုဒ္ဓအဆုံးအမ လိုက်နာကျင့်သုံးသူ များပြားခြင်းကြောင့် ဗုဒ္ဓအဆုံးအမကို လိုက်နာကျင့်သုံးလိုသည့် ပညာပါရမီ ဖြည့်ဆည်းလိုသော အငြိမ်းစား ဆရာ/ဆရာမကြီးများနှင့် ဘွဲ့ရ ပညာတတ် ကျောင်းသူ/ကျောင်းသားများ ရှိနေကြပေသည်။ ထိုဆရာ/ဆရာမကြီးများနှင့် ဘွဲ့ရပညာတတ် ကျောင်းသူ/ကျောင်းသားတို့၏ ပညာပါရမီဖြည့်လိုသော စေတနာ မေတ္တာများကို အကောင်အထည်ဖော် အတူပါဝင်ကုသိုလ်ယူလျက် ကာယအား Óာဏအားဖြင့် ပါရမီဖြည့် ဆောင်ရွက်နိုင်စေရန်။

၂။    မိမိတတ်ကျွမ်းသော ပညာရပ်များကို ဘဝနိဂုံးမချုပ်ခင် တန်ဖိုးရှိစွာ ပညာဒါန Óာဏ အလှူကို အေးငြိမ်းချမ်းသာစွာ ကုသိုလ်ယူ ဖြည့်ဆည်းနိုင်ပြီး ဆရာနှင့် တပည့်များ အေးငြိမ်းချမ်းသာ ပျော်ရွှင်စွာ နေထိုင်နိုင်ကြစေရန်။

၃။    တပည့်များ၏ တုန့်ပြန်မှု စေတနာမေတ္တာများကို ဘဝဆုံးသည့်တိုင် ပျော်ရွှင်အေးချမ်းစွာ ရရှိခံစားသွားနိုင်စေရန်။

၎။    တစ်ဦးမေတ္တာ တစ်ဦးစေတနာကို အမှန်တကယ် နားလည်ခံစားပြီး ဗုဒ္ဓရှင်တော်မြတ်၏ ဗြဟ္မစိုရ်တရားများကို လက်တွေ့ကျင့်သုံး ပွားများနိုင်စေရန်။

၅။    အသပြာဆရာမဟုတ်သည့်အတွက် ဆရာများ၏ မေတ္တာ စေတနာအမှန်ကို တပည့်များ အားလုံး လေးစားစွာ ခံယူကျင့်သုံးတတ်စေရန်။

၆။    နောင်လာ နောင်သားများလည်း ဘဝအေးငြိမ်းချမ်းသာမှုအတွက် မေတ္တာ စေတနာများ ရရှိစေရန် လိုအပ်ကြောင်း အမှန်တရားများကို သင်ခန်းစာယူ ကျင့်သုံးတတ်စေရန်။

၇။    အစိုးရကျောင်းများနှင့် မိဘများအား ပံ့ပိုးကူညီခြင်းဖြင့် တိုင်းပြည်အကျိုးကို ဆောင်ရွက်နိုင်စေရန်။

၈။    ဗုဒ္ဓသာသနာ အဝန်းအဝိုင်း အရိပ်အာဝါသတွင် အသပြာပေး၍ ဆရာအဖြစ် တာဝန်ထမ်းဆောင်စေလျှင် မေတ္တာစေတနာအမှန်၏ အကျိုးတရားများကို တပည့်ရော ဆရာများပါ မခံစားနိုင်ခြင်းနှင့် တပည့်များ၏ လေးစားရိုသေမှု ကျေးဇူးသိဆပ်တတ်မှု အားနဲလာစေနိုင်ပြီး သံသရာအကျိုး မဆုတ်ယုတ်စေရန်။

၉။    ပညာဒါန Óာဏအလှူဖြည့်ဆည်းလိုသော နောင်လာနောင်သား ဆရာ/ဆရာမငယ်များလည်း အတူပါဝင် ကုသိုလ်ယူ ဖြည့်ဆည်းလာကြလျက် လောကတွင် ကိုယ်ချင်းစာနာ စေတနာ မေတ္တာတရားများ ပေါ်ထွန်းပြီး ဗုဒ္ဓတရားတော်များကို လက်တွေ့ဘဝတွင် ကျင့်သုံးကြကာ ဘဝအေးငြိမ်းမှု ချမ်းသာ အသီးသီး ခံစားနိုင်ကြစေရန်။

 

ရေကြည်စမ်းပညာဒါန အတွက် ရန်ပုံငွေ

၁။    ကျောင်းနေရာဌာနတွင် လိုအပ်ချက်များ အသုံးပြုရန် (စာသင်ခုံ၊ ထိုင်ခုံ၊ သင်ပုန်းစသည်)

၂။    ကျောင်းသားများအတွက် လိုအပ်သော စာရေးကိရိယာ သင်ထောက်ကူ ပစ္စည်းများ

၃။    ဆရာ/ဆရာမများအတွက်ွှနွှေငာန အသုံးပြုရန်

၎။    အာစရိယပူဇော်ပွဲအတွက် မç တည်လှူဒါန်းရန်

၅။    ရန်ပုံငွေ ပိုလာပါက အသိပညာ တိုးပွားစေရန် ]]ရေကြည်စမ်း}} စာကြည့်တိုက်များ ဖွင့်လှစ်ရန်။

– – အထူးမှတ်ချက်

ဆရာ ဆရာမနှင့် သင်တန်းသားအားလုံးသည် ]]ရေကြည်စမ်း ပညာဒါန}} အသင်း၏ မိသားစုဝင်များ ဖြစ်ကြသည်။ သို့ပါ၍ မိမိတို့ အသင်းကြီး ရေရှည်ရပ်တည်နိုင်ပြီး အများအကျိုးပြုလုပ်ငန်းများ အသက်ရှိသ၍ ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်ဖက်မှ လိုအပ်သလို ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် ကျောင်းသူ ကျောင်းသားများအားလုံး ဘွဲ့တစ်ခုခု ရရှီပြီးပါက တနှစ် မိမိတို့ဒေသရှိ ]]ရေကြည်စမ်း ပညာဒါန}} အသင်းတွင် ဘဝတူလေးများကို ပညာဒါန စသည့် ပါရမီ ဖြည့်ဆည်းပြီး တနှစ်ပြည့်၍ အလုပ်အကိုင်များ ရရှိပါက ကိုယ်ချင်းစာနာ စေတနာထား၍ အသင်းအား လစဉ် အလှူငွေ ထည့်ဝင် ထောက်ပံ့၍ ဘဝသံသရာအတွက် ဒါနကုသိုလ်ပါရမီ ဖြည့်ဆည်းကြခြင်းဖြင့် ကျေးဇူးသိဆပ်တတ်သူအဖြစ် ခံယူနိုင်ရန်။

 

— ထပ်ဆင့်အထူးမှတ်ချက်

 

ဒေသတစ်ခုတွင် အများအကျိုးကို တကယ်ပြုလုပ်ဆောင်ရွက်နေသော ပညာဒါနအသင်း ရှိပြီးဖြစ်ပါက ]]ရေကြည်စမ်း ပညာဒါန}} အသင်း ထပ်မဖွဲ့စည်းတော့ပဲ ယင်းအသင်းအား အရှည်တည်တန့်နိုင်ပြီး အများအကျိုး ပိုမိုအောင်မြင်အောင် ပြုလုပ်နိုင်ရန် ]]ရေကြည်စမ်း ပညာဒါန}} အသင်းအနေနဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ရန်သာပြုပြီး စာကြည့်တိုက်မရှိက ]]ရေကြည်စမ်း ပညာဒါန}} စာကြည့်တိုက် မ တည်ဖွင့်လှစ်ပေးရန်။

ပညာဒါန စီမံကိန်းများ စတင်အကောင်အထည်ဖော်ပြီးပါက လူမှုဒါနပြုလုပ်နိုင်ရန် ]]ဗြဟ္မစိုရ်နှလုံးသားအသင်း}} တွဲဖက်ဖွဲ့စည်း၍ ယင်းအသင်းနာမည်ဖြင့် ကျေးလက် ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်ပေးရန်။

 

 

 

 

တနင်္ဂနွေနေ့တိုင်း အထူး အစီအစဉ်

၁။    ရေကြည်စမ်း ပညာဒါန ဆရာ ဆရာမ ကျောင်းသူ ကျောင်းသား အားလုံး နံနက်ပိုင်းတွင် ဘုရားပန်း ရေချမ်း ဆက်ကပ်ကြပြီး  စုပေါင်းညီညာ ဘုရားဝတ်တက်ခြင်း သီလခံယူခြင်း မေတ္တာဘာဝနာပွားများခြင်းများ ပြုလုပ်ပြီး (မိနစ်အနည်းငယ်) ဆရာတော်ဘုရား၏ ဩဝါဒ အဆုံးအမ ခံယူကြရန်၊

၂။    ဗုဒ္ဓသာသနာတော်နှင့်စပ်၍ အခြေခံ သိမှတ်ဖွယ်မှအစ မိနစ်(၃၀)ခန့် သင်ယူပြီး သိ၇ှိနားလည်အောင်  ပြုလုပ်ကြရန်၊

၃။    ဆရာ ဆရာမများမှ မိဘမေတ္တာသဖွယ် သားတပည့်များကို လိုအပ်သည့် ဘဝလမ်းညွန်မှုများ ပြောကြားရန်(၁၅)မိနစ်ခန့်၊

အားလုံးပြီးပါက ကျူရှင်သင်တန်းများ စတင်ကြရန်နှင့် သင်တန်းအားလုံးပြီးလျှင် ဘုရားကျောင်း ပရဝုဏ်များ ရှင်းလင်းခြင်း၊ ကျောင်းဝေယျာဝစ္စများ ပြုလုပ်၍ ကုသိုလ်များ ရယူကြရန်။

 

နွေရာသီ ကျောင်းပိတ်ရက်များတွင်

 

၁။    အရွယ်နှင့်အလိုက် ဗုဒ္ဓ၊ ဓမ္မ သင်တန်းများ ဖွင့်လှစ်သင်ကြားရန်။

၂။    အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ် သင်တန်းများကို ဖွင့်လှစ်သင်ကြားရန်။

၃။    ကွန်ပျူတာ အခြေခံသင်တန်းများကို ဖွင့်လှစ်သင်ကြားရန်။

၎။    နောင်တက်မည့် အတန်းအသစ်အတွက် လိုအပ်သည့် သိပ္ပံဘာသာနှင့် သင်္ချာ ဘာသာရပ်များကို ဖွင့်လှစ်သင်ကြားပေးရန်။

၅။    အခြားလိုအပ်သော ဘာသန္တရ သင်တန်းများ ဖွင့်လှစ်သင်ကြားရန်။

 

ရေကြည်စမ်းပညာဒါန ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့

 


Archives